တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဆိုးလ်ဘူတာရှေ့ကနေ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ခဲ့ရာ ဆန္ဒပြတော်လှန် ပြည်သူတွေက တရုတ်သံရုံးကို အိတ်ဖွင့်ပေးစာ ထုတ်ပြန်ကြေညာချက်တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နဲ့ နွေဦးတော်လှန်ရေးသပိတ်အင်အားစု၊ တောင်ကိုးရီးယားက မြန်မာနိုင်ငံသားတွေ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံတဲ့ ကိုရီးယား နိုင်ငံရေး/ဘာသာရေးအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၂၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မောင်တောမှာ ခရီးသည်တင်ကားကို ARSA ခြုံခိုပစ်ခတ်ရာ အမျိုးသမီး ၁ ယောက် သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စျေးဝယ်သွားတဲ့ အရပ်ဖက် ခရီးသည်တင်ကားတစ်စီးကို စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည် (၁၆) ယောက်ထဲက ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

အာဇာနည်ဗိမာန်မှ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက် အကြမ်းဖက် မင်းအောင်လှိုင် ပထမဆုံးအကြိမ် တက်ရောက်…

ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက်ပိုင်စ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။
Read More

မိတ္တီလာမှာ ရဲကင်းကို ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၃ ယောက်သေပြီး ၅ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးက စစ်ကောင်စီရဲ့ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ယောက် သေပြီး ၅ ယောက့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထီလာပြည်သူ့ ကာကွယ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးက ရဲကင်းကို စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။