အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
ဆွေးနွေးပို့ချမှုတွေထဲမှာ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ‌ထောက်ထားမှုဥပဒေ၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတရေး စတဲ့ခေါင်းစဥ်များကို CDM ဗိုလ်ကြီး ကောင်းသူဝင်း ဦးဆောင်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
ပညာပေး သင်တန်း အစီအစဉ်အတွင်းပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က ၆ ရက်အထိ CDM တပ်မတော်သား၊ ရဲ ဝန်ထမ်း ၂၀ ကို ဆွေးနွေး ပို့ချခဲ့တာပါ။
စစ်ကောင်စီ လက်အောက်ခံ အောက်ခြေစစ်သား အများစုက လူ့အခွင့်အရေးဆိုင်ရာများ၊ စစ်အတွင်းလိုက်နာရမယ့် ဥပဒေသများ၊ ဂျီနီဗာ ကွန်ဗင်းရှင်း တွေကို သိရှိမှု အားနည်း နေတယ်လို့ လက်ရှိဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူပန်းတိုင်အနေနဲ့ အသိပညာ ဗဟုသုတပေးခြင်း နဲ့ အကြမ်းဖက်စစ်တပ်က ချိုးဖောက်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို ပါဝင်ဖော်ထုတ်ကူညီနိုင်ရန် ရည်ရွယ်တဲ့ အထိ ပညာပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

NUG အစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မရှားဝန်ကြီးချုပ်ဆီ သဝဏ်လွှာပေးပို့၊ အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်ထားနိုင်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ဆီ ဇန်နဝါရီ ၇ ရက်မှာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်အုပ်စုက KNU ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာဆိုပြီး ထုတ်ပြန်ပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။