စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီး အကြမ်းဖက်စစ်ကြောင်းတို့ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြည်သူတွေနဲ့အတူ စုပေါင်းပြီး သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ၆ ရွာက အိမ်ခြေ ၁၈၂ အိမ်အတွက် ဆန်အိတ် ၁၈၂ အိတ်၊ ပဲဆီ ၉၀ ပိဿာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင် ၃၆၄ အိတ်ကို နိုဝင်ဘာ ၂၃ ရက် မနေ့က သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အဲဒီမီးဘေးသင့်ကျေးရွာတွေကို နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကြောင်းထိုး၊ မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကိုမီးရှို့၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။