ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာအတွင်းမှ သယ်ထုတ်လာတဲ့ နှမ်းတင်ပေါင်း ၃၀၀ နီးပါးရှိသည့် ကား ၂ စီး ကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ နို၀င်ဘာ ၂၀ရက်ကားနဲ့အတူ နှမ်း အတင်းရေ ၂၉၈ တင်းရှိကာ တော်လှန် ရေးစိုးမိုးနယ်မြေအတွင်း ရောင်းချဖို့ ကြိုးစားစဉ် သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်ပါတယ်။
ဖမ်းဆီးမှုကို ဂန့်ဂေါမြို့နယ်၊ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့များ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာ ဖမ်းဆီး စဉ်ကလည်း CDF KKG တပ်ရင်းကိုလည်း အသိပေးထားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်းကို အတုအယောင် ရွေးကောက်ပွဲအတွက် စစ်တပ် ပြန်လည်ထုတ်လွှင့်နေ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က အဆိုတော် လေးဖြူ သီဆိုခဲ့တဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို အကြမ်းဖက် စစ်ကော်မရှင်က သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြန်လည် ထုတ်လွှင့်နေပါတယ်။
Read More

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မဲခေါင်မြစ်အနီး မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA) ၏ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မိုင်းလားတပ် NDAA ရဲ့ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် မှတ်တမ်းရယူထားနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

သေနတ်ယူဆောင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးအား ဆုကြေးငွေပေးပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။