မြန်မာ့အရေးမှာ တရုတ်ရဲ့၀င်ရောက်စွက်ဖက်မှုကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မြန်မာ့ပြည်တွင်းရေး မှာတရုတ်အစိုးရရဲ့ ကျင့်ဝတ်မရှိ ဝင်ရောက်စွက်ဖက်မှုကို တော်လှန်ရေး အင်အားစုများဘက်ကလက်မခံကြောင်း တုံ့ပြန်ပြောကြားလိုက်တာပါ။
“လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အမည်နဲ့ပြု
လုပ်တဲ့ ဆွေးနွေးပွဲ မှာ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကပြောကြားလိုက်တာပါ။
“ NUGကိုရော ဘယ်သူနဲ့ ဆက်ဆံပါ ဘယ်သူနဲ့ မဆက်ပါဆိုတာ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိဘူး။ ဒါကျမတို့ရဲ့ လွတ်လပ်ခွင့်ဖြစ်တယ်ဆိုတဲ့ ဟာလည်း ကျမ အကြောင်းပြန်ထားတာရှိတယ်။ ဆိုတော့ ကျမတို့မှာလည်း Red Line တွေ ရှိပါတယ်” NUG ရဲ့ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာ​အောင်ကဆိုပါတယိ။
နွေဦးတော်လှန်ရေးနဲ့ တည်
ဆောက်ဖို့ ကြိုးစားနေတဲ့ ပြည်ထောင်စုဟာ အိမ်နီးနားချင်းနိုင်ငံတွေ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုတွေကို ရေရှည်အာမခံနိုင်မယ့် နိုင်ငံရေးစနစ်ကို ပြည်တွင်းမှာ ထူထောင်နေတာဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
တရုတ်နိုင်ငံအပြင် တရုတ်မဟုတ်တဲ့ အခြား အင်အားအင်အားကြီးနိုင်ငံတခုကပဲ ဖိအားပေးနေလည်း ရှေ့ဆက်သွားမယ့် တော်လှန်ရေးက ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်ကမပြောင်းလဲဘူးလို့ တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။
၈၈မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်ကလည်း “ဒီအိမ်နီးချင်းလိုနိုင်ငံမျိုး၊ ဒီအင်အားကြီးလိုနိုင်ငံမျိုးက ကျင့်ဝတ်မဲ့နေတာ ကျင့်ဝတ်ဖောက်ပြားတာဖြစ်တယ်။ အင်အားကြီးနိုင်ငံက တကယ်တော့ကျင့်ဝတ်ကိုလိုက်နာရမှာဖြစ်တယ်” လို့ဆိုပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် သူနာပြုဆရာမ ၂ ဦး ခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တစ်နှစ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့ဟု NUG ထုတ်ပြန်၊ အကြမ်းဖက်စစ်တပ်မှ ၅၆၉၉ ယောက် သေဆုံးခဲ့ဟု ဆို

၂၀၂၅ ခုနှစ် တနှစ်တာအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးများ ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး သေဆုံး၊ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၇) ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး (၁) ယောက် သေဆုံးပြီး အမျိုးသား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးရေးဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၃) တပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် ဒီနေ့မှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။