မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၃ရက် မနေ့က ညနေပိုင်းမှာ ဆိပ်ဖြူအခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၃စီးကို ဆယ်မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြား ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုမိုင်းခွဲရင်း မီတာ ၁၀၀အကွာကနေ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“မနေ့က ညနေ ၄နာရီ ၅၅မိနစ်လောက်မှာ ကားတွေဖြတ်မယ်ဆိုတာ သတင်းရလို့ မိုင်းဆွဲခဲ့တာပါ။ နောက်ဆုံးကျန်တဲ့ ကား၁စီးက ကျနော်တို့ပစ်လိုက်တဲ့ ၄၀မမ ဗုံးသီးထိပြီး မီးခိုးစွဲသွားပါတယ်။ အဲ့မှာ ကျနော်တို့က စပစ်တယ်။ သူတို့ကလည်းပြန်ပစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်ပေါ့။ စခထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ နောက်ပြီး အဲ့ကားတွေ မြင်းခြံသွားမယ်လို့ပဲသိတာ စစ်ကူသွားတာလားဘာလားတော့ သေချာမသိသေးပါဘူး” လို့ Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုYenanthar Youth Focre ရဲ့ Yenanthar Column နဲ့အ​တူ ပခုက္ကူခရိုင် အမှတ် ၁၉တပ်ရင်း ဆိပ်ဖြူ ဘာမထီတပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ ဆိပ်ဖြူမြို့နယ် ပကဖ အနောက်ပိုင်းဇုန်(အနောက်ပိုင်းဇုန်၁) ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ ညပိုင်းကလည်း အထက်ပါ ဆိပ်ဖြူ – ဆောလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို Yenanthar Column နဲ့ ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးတပ်တွေက အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတွေရှိပြီး လမ်းပိုင်းလုံခြုံရေးတွေ တိုးမြှင့်ခဲ့ပါသေးတယ်။
အခုလိုမျိုး တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေကြောင့် စစ်ကောင်စီအနေနဲ့ ဆိပ်ဖြူ မြို့အဝင်အထွက်လမ်းပိုင်းတွေမှာ ကင်းပုန်းတွေ ကြိုချထားပြီး လုံခြုံရေးပိုင်းမြှင့်တင်လာတယ်လို့လည်း Yenanthar Youth Force တာဝန်ရှိသူထံက သိရပါတယ်။
ပုံစာ – Yenanthar Column စစ်ကြောင်းရဲဘော်များ
0 Shares:
You May Also Like
Read More

စစ်ကောင်စီက လားရှိုးမြို့ကို ၂ လအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပျော်ဘွယ်တွင် ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ ရဲတပ်သား ၁ ယောက်ကို လက်နက်တွေနဲ့အတူ ပစ်ခတ်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ အနီးကပ်ချောင်းမြောင်းချိန် ကင်းပတ်ထွက်လာတဲ့ ရဲတပ်သားတစ်ယောက်ကို လက်နက်နဲ့တကွ ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Thurain-TR) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။