တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အင်အား ၈၀ ခန့်နဲ့ လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဇဝဲကျေးရွာနဲ့ ရမ်းဖို ကျေးရွာကြား ပြင်ဝန်းကျေးရွာအနီး နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ မိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၇ လုံး ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့တပ်သားတွေကို စစ်ကောင်စီတပ်က VOGO ကားနဲ့ ၄ ကြိမ် ခေါ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ ဇုန် (၃) တနင်္သာရီ ရိုးမ အဖွဲ့ နဲ့ မြိတ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ အကြမ်းဖက် စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီးနောက် အနီးအနားက ပြည်သူနေအိမ် ၅ လုံးကို မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်နေတဲ့ မြိတ် ပကဖ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တစ်နှစ်တာအတွင်း ရခိုင်မှာ အရပ်သား ပြည်သူ ၇၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တစ်နှစ်တာ အတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့  အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ပြုံးပြုံးလေး ရုပ်ရှင်မှ ရံပုံငွေ ကျပ်သိန်း ၈၀၀ နှင့် ထိုင်းဘတ် ၄၁၀၀ ကို ခွဲဝေစီးဆင်းရေးအစည်းအဝေး NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်

တော်လှန်အနုပညာရှင်တွေရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “ Still We Smile - ပြုံးပြုံးလေး” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသတာကနေ ရရှိလာတဲ့ ငွေတွေကို ပညာရေးကဏ္ဍနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ခွဲဝေစီးဆင်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့တယ်လို့ ပြုံးပြုံးလေးရုပ်ရှင် Facebook စာမျက်နှာကတဆင့် သိရပါတယ်။
Read More

ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ − KBDF ကို အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ် ပြောင်းလဲ ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်းရဲ့ ဒေါနစစ်ကြောင်း−၃ အဖြစ် တာဝန်ထမ်းဆောင်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − KBDF ကနေ အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ်ပြောင်းလဲ ဖွဲ့စည်းလိုက်တယ်လို့ အဲ့ဒီတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။