မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
မတ္တရာမြို့နယ်ထဲကို နိုဝင်ဘာလ ၂၃ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်လာတာဖြစ်ပြီး ဒေသခံတွေနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အခုမီးတင်ရှို့နေတာဗျ၊ ဒီနေ့မနက်အစောပိုင်းထဲက ဝင်ရောက်လာတာ၊ သတင်းရလို့ ကင်းထောက်ချပြီး ဒေသခံတွေကို ဘေးလွတ်ရာတွေကို ရှောင်ခိုင်းနေရတယ် မနက်၁၀ နာရီလောက်ကစပြီး ကျေးရွာတွေကို မီးတင်ရှို့နေတာ၊ အဝေးကနေတော့ မြင်ရတယ်၊ အနားကပ်လို့မရဘူး” လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မြွေတလိုင်း၊ ဉဒိန်၊ သမင်ခြံ၊ ထိန်ပင်ဇောက်နဲ့ စောက်ခြုံပေါက် ကျေးရွာ ၅ ရွာထဲကို အခုရောက်နေတာ၊ အင်အားများတယ်၊ သတင်းရလို့ဒေသခံတွေကို အပြင် ခေါ်ထုတ်နိုင်ခဲ့ပေမယ့် ဒေသခံတွေ ကျန်နေခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ သယ်လို့မရတဲ့ ပစ္စည်းတွေတော့ အကုန်ကုန်ပြီပေါ့၊ လူတွေ မတွေ့လို့ကျေးရွာတွေကို မီးရှို့နေပြီ” လို့ အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေက စက်တင်ဘာလ နောက်ဆုံးအပတ်ထဲကစပြီး အညာဒေသနဲ့ မန္တလေးတိုင်းတွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးတာတွေကို ပိုမိုလုပ်ဆောင်လာနေပြီး လူနေအိမ် သိန်းနဲ့ချီကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်သားများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က ထိုင်း – မြန်မာနယ်စပ် မြဝတီနှင့်ကော့ကရိတ်သို့ စစ်ကူအများအပြား ပို့ဆောင်နေ 

အကြမ်းဖက်စစ်တပ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကတဆင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကို စစ်ကူအင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီက အနှိပ်ခန်းမှာ ရဲအချင်းချင်း စကားများ ပစ်ခတ်လို့ ရဲအုပ်သေ

ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့…
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရပြီးနောက်ပိုင်း ရန်ကုန်တွင် ဘတ္ထရီစက်ဘီးနှင့် Ebike စီးနင်းသူများ ဖမ်းဆီးငွေညှစ်ခံနေရ

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် (Ebike) စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာကြောင်း မြို့တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။