စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူ ၁၀၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းလည်းဖြစ်ပါတယ်
သေဆုံးသူ အမျိုးသားအယောက် ၁၀၀ နဲ့ အမျိုးသမီး ရှစ်ဦးရှိပြီလို့ AAPPA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်.
သေဆုံးခဲ့သူတွေရဲ့ စာရင်းကို နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီလို့ AAPP ကဆိုပါတယ်။
အဓိကအားဖြင့် စစ်ကောင်စီရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိဘဲ အကျဉ်းထောင်တွေထဲကွယ်လွန်ခဲ့ရတာဖြစ်ပြီး အများစုဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့ရပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်လည်း ဆေးကုသနေရင်း ကွယ်လွန်ခဲ့ပါသေးတယ်။
Photo- မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နာရေး
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၂၁ နှစ်အရွယ် နေပြည်တော် PDF ဒုတပ်ခွဲမှူး ရဲဘော်ငတေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၈၀၅) တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျူဟာကုန်းအနီးကို အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချ

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆောတွင် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ပစ္စည်းလု၊ လူသတ်၊ အလောင်းဖျောက်ခံရ၊ သံသယရှိသူ ၂ ဦး ထွက်ပြေးလွတ်မြောက်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီး ၁ ယောက်ကို လူသတ်အလောင်းစွန့်ပစ်ပြီး ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ကာ ကျူးလွန်သူလို့ သံသယရှိသူ ၂ ယောက်လည်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်၏ ၆၆၆ ပွိုင့်စခန်းကုန်းတစ်ခုလုံးကို AA သိမ်းပိုက်၊ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်ရရှိရန် နေရာတချို့ ကျန်နေသေး၊ ဆက်လက်တိုက်ခိုက်နေဟု ဆို

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၆၆၆ ပွိုင့်စခန်းကုန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်ဖို့ လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။