စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း – ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနားကို မနေ့က အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော်ရဲ့ ၁ လပြည့် အထိမ်းအမှတ်ကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာတွေကြောင့် မပြုလုပ်နိုင်ခဲ့ဘဲ အခု ၂ လပြည့်မှသာ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အောင်ပွဲတွေရဲ့ နောက်ကွယ် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်ဇော်မျိုးထွေးနဲ့ အဆက်ဆက်အသက်ပေးလှူတိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်းကို ဂုဏ်ပြုပြီး အလေးပြုကြောင်း မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်သား ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲခံရပြီး မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
Read More

တပ်မမှူးလိုက်ပါလာသည့် ကားကိုလာကြိုသည့် စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။