ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ဒေသခံ (၆) ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သလို စစ်ကောင်စီရဲ့ ဗုံးစထိမှန်ဒဏ်ရာရရှိသူတွေကို ဆေးရုံဆီ ပို့ဆောင်ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းမှာလည်း ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့ လိုအပ်ပြီး လူစုလူဝေးမပြုလုပ်ဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီးရဖို့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် နေရာ ၁၆ ခုမှာ ရေအားလျှပ်စစ်ထုတ်မယ်လို့ စစ်ကောင်စီ ဆိုပြန်

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က နေရာ ၁၆ ခုထက်မနည်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားလိုက်ပါတယ်။
Read More

တိုက်ပွဲများကြောင့် အလုံးစုံပျက်စီးခဲ့ရသည့် နေအိမ်များကို MNDAA က ငွေကျပ် သိန်း ၅၀ စီထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မရဲရွာအနီးက ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Yesagyo Revolution Group (YRG) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် စလင်းမြို့နယ်မှာ အရပ်သားပစ်မှတ်များရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁ ဦးသေပြီး ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတော်ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။