ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီးတို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
မူးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းက နတ်သံကွင်းမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး (၁၇) လုံး ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာအတွင်း (၅) လုံး၊ ရွာကြီးအင်းနဲ့ တောင်ဆူးကြားမှာ (၃) လုံး၊ သဲကုန်းမှာ (၃) လုံး၊ အညောင်းဆူးနဲ့ ငနွားဆင်ကျေးရွာကြားမှာ (၅) လုံး ၊ အနောက်ဝက်တူးမှာ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အနောက် ဝက်တူး ရွာနေ (၄၂) နှစ်အရွယ်နဲ့ (၅၁) နှစ်အရွယ် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါတယ်။
ဒါ့အပြင် ကွင်းချောင်းဝမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ သေဂေလူရွာက (၂၇) နှစ်အရွယ် အမျိုးသမီးနဲ့ ယဉ်လှည်းရွာက (၂၃) နှစ်အရွယ် အမျိုးသားတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်ကယ် (၁) စီးနဲ့ ဟော်ခို့ဝေါ်ကျေးရွာက နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အကြမ်းဖက် စစ်ကောင်စီတပ်က ရွာကြီးအင်း ကျေးရွာနေ (၄၅) နှစ်အရွယ် အမျိုးသားနဲ့ နို့ကလော်ကျေးရွာနေ (၃၃) နှစ်အရွယ်အမျိုးသားတို့ကို နိုဝင်လာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းဆီ ပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
နိုဝင်ဘာလ (၂၁) ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၅၁ နဲ့ ခလရ−၆၀ ပူးပေါင်းတပ်တွေက လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်း (၁) လုံးနဲ့ စော်ဘောကုန်း ကျေးရွာမှာ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ…
0 Shares:
You May Also Like
Read More

ကျောက်မဲနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး (၁၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

UWSA သည် ထိုင်းသို့ဝင်ရောက်လာသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ဟု သက်ဆင်ပြောဆိုချက် “ဝ” ငြင်းဆို၊ စစ်ကောင်စီ ဘာမှမလုပ်လျှင် ထိုင်းဝင်ရောက်ကိုင်တွယ်သင့်ဟု သက်စင်ဆို

“သူတို့ရဲ့ ပြောဆိုချက်အတွက် သက်သေအထောက်အထားပြဖို့ လိုတယ်။ ကျွန်တော်တို့က သူတို့လိုပဲ (မူးယစ်ဆေးဝါး) နှိမ်နင်းနေပါတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က (မူးယစ်ဆေးဝါး) တိုက်ဖျက်ရေး ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ၎င်းက ဧရာဝတီကို ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။
Read More

ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၆ ဦး သေ၊ အရပ်သား (၇) ဦး၊ ကိုရင် (၈) ပါးနှင့် ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၆ ယောက် သေဆုံးပြီး အရပ်သား (၇) ယောက်၊ ကိုရင် (၈) ပါးနဲ့ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကို ကူညီမယ့် ကျားပေါက်ရဲ့ပန်းချီကား USD 10,000 နဲ့ လေလံအောင်မြင်

ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD 10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။