နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။

တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့် NPT-PDF တပ်ရင်းများဖြစ်သော ၈၀၁ ၊ ၈၀၂ ၊ ၈၀၄ ၊ ၈၀၆ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းတွင် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရန် ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲဘော်အသစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောများကို KIA ပူးပေါင်းတပ်တပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၂ စီး ထိမှန်ပျက်စီး (ရုပ်/သံ)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။