တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားဟာ လောင်းလုံးမြို့နယ် ၊ ကျောက်နီမော်ကျေးရွာ (မိုက်ခရိုဝေ့ဖ်) စခန်းကုန်းက အကြမ်းဖက်စစ်တပ်ရဲ့ ခလ ၂၆၇ မှာ တာဝန်ကျနေတာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်မှာ MA ၂ လက် ၊ ကျည်ဘောက် ၅ ခု ၊ ကျည် ၂၄၆ တောင့်နဲ့အတူ နွေဦးပြောက်ကျားတပ်ဖွဲ့ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူနဲ့ သူ့ရဲ့မိသားစုကို နွေဦးပြောက်ကျားတပ်ဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၈၀ ပေးအပ်ကာ ဘေးကင်းလုံခြုံရာဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံမယ်ဆိုရင် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) အနေနဲ့ ကြိုဆိုနေသလို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရေဖြူအခြေစိုက် ခလရ (၄၀၇) က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ဇနီးဖြစ်သူနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၄၀၇) က စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်က ဇနီးဖြစ်သူနဲ့ အတူ အလင်းဝင်လာတယ်လို့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ - Dove Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ခလရ (၁၀၃) တပ်ရင်းမှ တပ်သား (၂) ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ (၁၀၃) တပ်ရင်းက စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဇာတ်လမ်းနှင့် သရုပ်ဆောင်များကို ဝေဖန်မှုဖြင့် ဒါရိုက်တာမိုက်တီး အပါအဝင် အနုပညာရှင် ၃ဦးကို စစ်ကော်မရှင် ဖမ်းဆီးထား

ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တယ်ဆိုပြီး ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၉ရက် ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နှင့် တံတားနီအရေးအခင်း (၃၇) နှစ်ပြည့်အဖြစ် စာ‌စောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။