ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ KTV ကို ကျေးရွာအုပ်ချုပ်ရေးမှူး မင်းမင်းသိန်းနဲ့ ကျောင်းဆရာမ စမ်းသီတာမိုးတို့ မောင်နှမနှစ်ယောက် ဖွင့်လှစ်ထားတာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညပိုင်းမှာ ဝင်ဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
“ကျိုက်ပိကျေးရွာ အထက်တန်းကျောင်းနားမှာ ဖွင့်ထားတာ။ နယ်မြေခံ စစ်တပ်နဲ့ ရဲတွေနဲ့လည်း ပိုင်တယ်။ ဖမ်းဆီးခံရတာကလည်း နယ်မြေခံ စစ်တပ်နဲ့ရဲ ဖမ်းတာမဟုတ်ဘူး။ တိုင်းက ဆင်းဖမ်းတာ ဆရာမရဲ့ ယောကျ်ားဖြစ်သူ(ကို)တော့ ဖမ်းဆီးသွားတယ်” လို့ ကျိုက်ပိကျေးရွာကဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“စစ်တပ်က ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ ကျိုက်ပိရဲစခန်းက ရဲတွေ သောက်စားပျော်ပါးနေတဲ့အချိန်နဲ့ တိုးတာ။ အဲဒီ KTV က ကျောင်းသားကျောင်းသူတွေနဲ့ နယ်မြေခံရဲတွေ ပျော်ပါးနေကြတဲ့နေရာပါ။ မူးယစ်ဆေးဝါးတွေ ရောင်းချနေတဲ့ သတင်းရလို့ဆိုတဲ့ ခေါင်းစဥ်နဲ့ တိုင်းက ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အဲဒီ KTV ဟာ မကောင်းတာ အကုန်ရတယ်ဆိုပြီး ဒေသတွင်းမှာ နာမည်ကျော်ကြားကာ လူငယ်တွေကို ပျော်ပါးမှုမျိုးစုံနဲ့ ဖျက်ဆီးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒေသတွင်း စစ်တပ်နဲ့ ရဲတွေကို အပိုင်ပေါင်းထားတဲ့ ဒီဆိုင်ကို အခုတော့ တိုင်းအဆင့်ကနေ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – လုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတချို့ (ပုံဟောင်း)
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
0 Shares:
You May Also Like
Read More

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် UFC Fight ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ဖြစ်သူ ဘရန်ဒန် ရိုဗာကို အကြိတ်အနယ်ထိုးသတ်ပြီး ထိုက်တန်စွာအနိုင်ရရှိ

ဒီကနေ့ကျင်းပတဲ့ UFC 317 မှာ မြန်မာကို ကိုယ်စားပြုတဲ့ ဂျော့ရှူအာဗန်က လက်ရှိ UFC ကမ္ဘာ့အဆင့် ၁ ဘရန်ဒန် ရိုဗာကို လက်စွမ်းအသာနဲ့ ထိုးသတ် အနိုင်ရရှိသွားပြီဖြစ်ပါတယ်။
Read More

ချောင်းဦးမြို့အဝင် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံက သိရပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်အာဏာပိုင်များကို လုပ်ကြံသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီး၊ မြို့ပြအုပ်ချုပ်ရေး ယန္တရားအောက်တွင် စစ်တပ်လက်ပါးစေများ အရင်ထက် ပိုမိုများပြားလာ

မန္တလေးမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို MDY PDF ကလုပ်ဆောင်ခဲ့ကြောင်းနဲ့ လုပ်ဆောင်ခဲ့သူ ၆ ယောက်ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။