ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီးတို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
မူးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းက နတ်သံကွင်းမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး (၁၇) လုံး ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာအတွင်း (၅) လုံး၊ ရွာကြီးအင်းနဲ့ တောင်ဆူးကြားမှာ (၃) လုံး၊ သဲကုန်းမှာ (၃) လုံး၊ အညောင်းဆူးနဲ့ ငနွားဆင်ကျေးရွာကြားမှာ (၅) လုံး ၊ အနောက်ဝက်တူးမှာ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အနောက် ဝက်တူး ရွာနေ (၄၂) နှစ်အရွယ်နဲ့ (၅၁) နှစ်အရွယ် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါတယ်။
ဒါ့အပြင် ကွင်းချောင်းဝမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ သေဂေလူရွာက (၂၇) နှစ်အရွယ် အမျိုးသမီးနဲ့ ယဉ်လှည်းရွာက (၂၃) နှစ်အရွယ် အမျိုးသားတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်ကယ် (၁) စီးနဲ့ ဟော်ခို့ဝေါ်ကျေးရွာက နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အကြမ်းဖက် စစ်ကောင်စီတပ်က ရွာကြီးအင်း ကျေးရွာနေ (၄၅) နှစ်အရွယ် အမျိုးသားနဲ့ နို့ကလော်ကျေးရွာနေ (၃၃) နှစ်အရွယ်အမျိုးသားတို့ကို နိုဝင်လာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းဆီ ပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
နိုဝင်ဘာလ (၂၁) ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၅၁ နဲ့ ခလရ−၆၀ ပူးပေါင်းတပ်တွေက လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်း (၁) လုံးနဲ့ စော်ဘောကုန်း ကျေးရွာမှာ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ…
0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆိပ်ဖြူမှာ ကင်းလှည့်စစ်ကားနှင့် အထိုင်စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ အထိုင်စခန်းနဲ့ ကင်းလှည့်စစ်ကားတို့ကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း၊ တပ်ခွဲ-၃၊ ဗိုလ်မထားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို ပိုမို ပီပြင်ထင်ရှားစေတဲ့ အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ​တွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်လိုက်မှုဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးဖိအားသက်ရောက်ကြောင်းနဲ့ အလျင်အမြန်ဖမ်းဆီးနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။