TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက် မနေ့က ညနေ ၃ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံးကြဲချရာမှာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဝန်းထဲက အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ယောက်သေဆုံးကာ အမျိုးသား (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
တဆက်တည်းမှာပဲ နိုဝင်ဘာ ၂၁ ရက် ညဦးပိုင်းလောက်ကလည်း ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ပေါင် ၅၀၀ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား တစ်ယောက် သေဆုံးကာ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နိုဝင်ဘာလ(၁) ရက်နေ့ကနေ (၂၁)ရက်နေ့အထိ ဒေသခံ (၁၇) ယောက် သေဆုံးပြီး (၂၆) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးပြီး အကြမ်းဖက်စစ်တပ် ကျူးလွန်နေဟု ဆို

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးမြှင့် ကျူးလွန်ခဲ့တယ်လို့ Myanmar Defense & Security Institute - MDSI က ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ ပြည်သူတွေကို စည်းရုံးခဲ့တဲ့ မြောင်ရဲစခန်း ဒရုန်းဗုံးသီးနဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ ပြည်သူတွေကို မဲတစ်မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ စည်းရုံးခဲ့တဲ့ စစ်ကော်မရှင်လက်အောက်ခံတပ်သားများရှိရာ မြောင်ရဲစခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။