အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဆိုပေမယ့် စစ်ကောင်စီရဲ့ လက်ကျန်တပ်သားတချို့ကို နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တောင်ကုတ် မြို့မရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား ၂၀၀ ခန့်ကိုတော့ AA က ဝင်ရောက်မတိုက်ခိုက်ခင်ကတည်းက စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့အခြေစိုက်ရာ နေရာတွေကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့မှာ စစ်ကောင်စီ လက်အောက်ခံလုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီဖြစ်ကာ တပ်ရင်းတပ်ဖွဲ့တချို့ကလည်း တစ်နေရာတည်းမှာ သွားရောက်စုစည်းပြီး နောက်ဆုံးခံစစ်စည်းအဖြစ် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ- ၅ ) အခြေစိုက်ထားပြီး ခမရ (၅၄၄)၊ ခမရ (၃၄၆)၊ အမှတ်(၉၂၆) ထောက်ပို့တပ်ခွဲနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွေလည်း ရှိနေပါတယ်။
အဲဒ္တပ်ရင်းတွေအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး လက်ရသိမ်းဆည်း ရရှိမှုတော့ မရှိသေးပါဘူး။
တောင်ကုတ်မြို့က တိုက်ပွဲတွေအခြေအနေနဲ့ ပတ်သက်ပြီးတော့ AA ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
Photo- ပလက်၀မြို့သိမ်းတိုက်ပွဲမှ ပုံဟောင်းကို အသုံးပြုထားခြင်းဖြစ်ပါသည်။
0 Shares:
You May Also Like
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

တာမွေတွင် အဘိုးအိုတဦး ကြိုးဆွဲချ သတ်သေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အဘိုးအိုတယောက် ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုကို သံဃာတွေ မပူးပေါင်းကြဖို့နဲ့ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) ဆရာတော်တွေ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ နှစ်သစ်ကူးည စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၅ယောက်သေဆုံးပြီး ၂ လောင်းသာ ပြန်ရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာနေ မိသားစုဝင် ၅ ယောက် သေဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။