မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
မြေပြန့်ဒေသ လွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်လို့ MDY PDFက တပ်သားသစ်တွေကို ခေါ်ယူလိုက်တာပါ။
ကျန်းမာကြံ့ခိုင်ပြီး အာဏာရှင်ကို တိုက်ခိုက်လိုတဲ့ လူငယ်လူရွယ်တွေအနေနဲ့ MDY-PDF နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။
MDY-PDF အနေနဲ့ “စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင် ‘’ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနတွေအလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။
MDY-PDF အနေနဲ့ တိုက်ပွဲပေါင်းများစွာကို အနိုင်တိုက်ရုံတင်မက ပြည်သူ့လွတ်မြောက်နယ်မြေတွေအဖြစ် ဖော်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားဒေသကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ MDY-PDF ဟာ အခုချိန်မှာ တောင်စဉ်တောင်တန်းတွေကတဆင့် ဧရာဝတီမြစ်ကမ်းနံဘေးအထိ ချီတက် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းလည်း အသိပေး ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

အရေးပေါ် အရန်ဆန် တန်ချိန် တစ်ထောင်ကျော်ကို ရေဘေးသင့်ပြည်သူတွေထံ ထောက်ပံ့မယ်လို့ စစ်ကောင်စီ ပြော

အာဆီယံနဲ့ ၃ နိုင်ငံ အရေးပေါ်အရန်ဆန်တွေထဲက ဆန်တန်ချိန် တစ်ထောင်ကျော်ကို နိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး (၁၂၇) လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၂) လုံး ပစ်ကူတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။