စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေသွားတယ်လို့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်ပေါ်ရောက်ပေါက်ကွဲ မီးလောင်ပြီး ပြည်သူ့ရဲဘော်တွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့၊ Royal brother force တပ်ဖွဲ့၊ ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့၊ ဇာနည်သွေးတပ်ဖွဲ့၊ spdfတပ်ဖွဲ့၊ G-3အောင်ကြီးတပ်ဖွဲ့၊ တောဘုရင်ဗိုလ်ယက္ခတပ်ဖွဲ့၊ ချင်းတွင်းကာကွယ်ရေး (cdf) တပ်ဖွဲ့၊ Fighter for Fredy တပ်ဖွဲ့၊ ဒေါင်းတမာန်တပ်ဖွဲ့၊ Eagleတပ်ဖွဲ့၊ မျိုးဆက်သစ်ကိုလေးတပ်ဖွဲ့၊ CRAမုံရွာတပ်ရင်း ၁၅ တပ်ဖွဲ့၊ ၅/fighter groupတပ်ဖွဲ့၊ တောင်ပံနီတပ်ဖွဲ့၊ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့၊ တောသားကြီးကျားပျံတပ်ဖွဲ့၊ ဒရုန်းမင်းတပ်ဖွဲ့၊ တပ်ရင်း ၁၇ တပ်ခွဲ ၃ MYFတပ်ဖွဲ့၊တပ်ရင်း၁၇ တပ်ခွဲ၄ GNBFတပ်ဖွဲ့၊တပ်ရင်း၄ တပ်ခွဲ၂၊ ၅/Commando Forceတပ်ဖွဲ့၊Monywa Under Ground Force-MUGFတပ်ဖွဲ့၊ တပ်ရင်း၂၅ မုံရွာသံမဏိတပ်ဖွဲ့၊ ဒေါင်းဖိုက်တာတပ်ဖွဲ့၊ တပ်ရင်း၂၃ တပ်ခွဲ၂ ကျားညီနောင်တပ်ဖွဲ့၊ နောင်ကြီးတပ်ဖွဲ့နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ထားဝယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားသို့ ငါးလွှတ်ဖို့လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု Speed Boat ၁ စီး ပျက်စီးပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားဆီ ငါးလွှတ်ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force ထံက သိရပါတယ်။
Read More

ဧရာဝတီသား တော်လှန်ရဲဘော်တစ်ဦး ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားသည့် ငါတို့ပြန်လာပြီ ဧရာဝတီ (ရုပ်/သံ)

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံဖို့ ဧရာဝတီသား တော်လှန်ရဲဘော်တစ်ယောက် ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားတဲ့ ငါတို့ပြန်လာပြီ ဧရာဝတီသီချင်း ဖြစ်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။