96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) အနေနဲ့ ရှေ့တန်းရဲဘော်တွေကို ပြန်အနားပေးပြီး နောက်တန်းကျန်ရှိ ရဲဘော်တွေက ရှေ့တန်းတစ်လှည့်ထွက်ဖို့ ပြင်ဆင်နေတဲ့ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
ရှေ့တန်းက ပြန်လာတဲ့ ရဲဘော်တွေဟာ တိုက်ပွဲအတွင်း အထိအခိုက်ရှိခဲ့ပေမယ့် အသက်အန္တရာယ်ကင်းခဲ့ပြီး အသက်ကို ပဓာနမထားဘဲ ရှေ့တန်းထွက်ရတဲ့တိုက်ပွဲမှာ တော်လှန်ရဲဘော်တွေအားလုံး အန္တရာယ်ကင်းကြပါစေဆိုပြီး 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က ဆုမွန်ကောင်းတောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ငါ့သရောက်မြို့နယ်အတွင်း အကြမ်းဖက်အုပ်စုနှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း တပ်စိတ်မှူးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့…

"ရဲဘော်တွေ အကုန်လုံးကအားကိုးရတယ်။ အထူးသဖြင့် တပ်စိတ်မှူး ရဲဘော် ဒီပ နဲ့ ဒုတပ်စိတ်မှူး Joker တို့ ဆိုရင်တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာကတည်းက အတူတူတိုက်လာတဲ့ ရဲဘော်တွေပါ။ ရဲဘော် ဒီပ ဆို တောင့်ခံထားတာ ဆေးရုံရောက်ပြီး ၂ ရက်လောက်နေမှ ကျတာပါ။ ရဲဘော်တွေရဲ့ရဲစွမ်းသတ္တိကို အစဥ်သတိရပြီး နွေဦးတော်လှန်ရေးပြီးတဲ့အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှာပါ "လို့ ညောင်ဦးမြို့နယ်​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ်ရဲ့ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။