စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ​၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၂ရက် ၊ ဒီနေ့မနက်အစောပိုင်းမှာ ရေဦးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲ သင်တန်းဆင်းပွဲ ပြုလုပ်နေတဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဒီမနက် ၁၀ နာရီ ၁၀မိနစ်မှာ ပျူသင်တန်းဆင်းပွဲလုပ်နေတဲ့ ထွေအုပ်ရုံးထဲကို Fixed Wings Drone ၈ စင်းနဲ့ ဗုံးသီး ၁၂လုံးတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးသီးတွေကြောင့် အဲ့နားမှာရှိတဲ့ စီးပွါးရေးဘဏ်ထဲက စခတွေရော အထက ၁ မှာရှိတဲ့ စခတွေရော ဗုံးသီးအပိုင်းအစတွေ မှန်တယ်လို့လဲ သိရပါတယ်။ ထိခိုက်သေဆုံးတဲ့အထဲ ပျူရော စခတွေရောပါပါတယ်။” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ) နဲ့အတူ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
“အခုသင်တန်းဆင်းပွဲက မြို့ပေါ်က ပျူစောထီးအသစ်တွေအတွက် လုပ်တာလို့သိရပါတယ်။ ဒီသင်တန်းကနေ ကျနော်တို့နဲ့ တိုက်ခိုက်ဖို့အပြင် မြို့စောင့်တပ် သဘောမျိုးတွေ အသုံးပြုမယ်ထင်ပါတယ်။ ” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုံစာ – ရေဦးပကဖ နဲ့ ရွှေဘိုခရိုင် အမှတ် ၁၄တပ်ရင်း တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကလေးတောင်ပိုင်းမှာ စစ်တပ်က ဒေသခံပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်၊ ကျန်သူများအား ကတုံးတုံးပြီး ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

အင်ဒို ဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု NUCC ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ၆ ရက်တာ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲကို အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ မပါဝင်တာသေချာမှ လက်ခံတက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။