နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။

တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့် NPT-PDF တပ်ရင်းများဖြစ်သော ၈၀၁ ၊ ၈၀၂ ၊ ၈၀၄ ၊ ၈၀၆ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀) ဦး သေဆုံး (ရုပ်/သံ)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလ ၆ ရက်၊ နံနက်ပိုင်းအစောပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်စီမံကွပ်ကဲ‌ရေးတပ်မှ အရာရှိ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀)ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အနီးကပ်တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းကုန်းအား လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ် စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအား မတ်လ ၁၇ ရက်က လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ထံက သိရပါတယ်။