ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
KIA ရဲ့ မြို့သိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့သလို လက်နက် ၁၀၀ ကျော်နဲ့ ဒရုန်းတွေပါ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
KIA က ကန်ပိုက်တီတစ်မြို့လုံးကို ထိန်းချုပ်ကာ ဌာနဆိုင်ရာနဲ့ နယ်စပ်ဂိတ်တွေမှာ အလံလွှင့်တင်ပြီးနောက် တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပိတ်ထားလိုက်ပြီလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က KIA က ကန်ပိုက်တီမြို့ကို ထိုးစစ်ဆင်ကာ ၂၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
KIA အနေနဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှု၊ ထိခိုက်ကျဆုံးမှုနဲ့ စစ်သုံ့ပန်းဖမ်းဆီးရမိမှု အခြေအနေတွေကိုတော့ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
KIA ဟာ ကန်ပိုက်တီမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို ရရှိသွားပြီဖြစ်ပါတယ်။
နာမည်ကျော် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တန့်ယိန်း လက်အောက်မှာရှိတဲ့ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ ဖီမော် မြို့တွေ၊ ကန်ဖန့်၊ လန်ဆယ် စတဲ့ နယ်စပ်ရွာတွေကို KIA က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရာမှာ နိုင်ငံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မှာကြား

အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။ 
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။