ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ရက်၊ ဒီနေ့ညနေပိုင်းမှာ မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ မြဝတီအသံလွှင့်ဌာနဝန်းထဲကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက M79 လက်နက်ကြီးနဲ့ ၄၀မမ ၃လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ဒီနေ့ ညနေ ၅နာရီလောက်မှာ အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မြဝတီအသံလွှင့်ဌာန ဝန်းထဲကို ကျနော်တို့ M79 လက်နက်ကြီးနဲ့ ၄၀မမ (၃)လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ၁လုံးကညဂိတ်နားကျပြီး ကျန်တဲ့၂လုံးက အထဲထိရောက်ပါတယ်။” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ Yangon Army (YA) ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှေ့လျှောက်လည်း ရန်ကုန်ပြည်သူတွေနဲ့အတူ အမြဲရှိနေသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။
Yangon Army (YA)အနေနဲ့ အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မချင်း နောက်ထပ်ပစ်မှတ်ကြီးတွေကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တဲ့အတွက် အရပ်သားပြည်သူတွေဘက်က စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို ဝေးဝေးနေထိုင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
နိုဝင်ဘာ ၂၀ရက် ၊ မနေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ မင်္ဂလာဒုံမြို့မရဲစခန်းကို Dark Shadow အဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါသေးတယ်။
ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြဝတီအသံလွှင့်ဌာန (မှော်ဘီ) ကို သွားရောက်ခဲ့စဥ်
0 Shares:
You May Also Like
Read More

ပြည်သူအပေါ် တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်၊ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်ကြောင်း BPLA ထုတ်ပြန်

ပြည်သူတွေအပေါ် လူ့အခွင့်အရေးအရ ကျူးလွန်ဖောက်ဖျက်မှုတွေရှိရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန် အသိပေးလိုက်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။
Read More

မိုင်းလုံမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနှင့် အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။