ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေထဲမှာ နယ်မြေခဖ့ BGF တပ်တွေပါဝင်လာပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာနဲ့စခန်းတွေကို လမ်းပြအဖြစ် လုပ်ဆောင်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၉ရက်နေ့က တပ်မဟာ ၅နယ်မြေ ထိတွေ့တိုက်ပွဲတစ်ခုမှာ BGF တွေက အရှေ့ကနေ လမ်းပြပုံစံနဲ့ ဝင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတစ်ခုမှာ တော်လှန်ရေးရဲဘော်တစ်ယောက်ကျဆုံးခဲ့ကာ အကြမ်းဖက်စစ်တပ်က လက်နတ်ငယ်တချို့ ရရှိသွားကြောင်း သိရပါတယ်။
“အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာ အရှေ့မှာ BGF တွေပါလာတယ်။ သူတို့လာမယ့်လမ်းမှာ မိုင်းထောင်ထားတာ မိုင်းကမကွဲတော့ သူတို့ဝင်လာတာ ရုတ်တရက်မသိလိုက်ဘူး။ ကမာမောင်းအထက်ဘက် ကျောက်ကွင်း လဲ့ကွဲနဲ့ တခေါ်ခိုးကြားမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်နေတဲ့နေရာကို စစ်တပ်ဘက်က စစ်ကူစစ်ကြောင်းတက်လာတာ။ ရဲဘော်တစ်ဦးကျဆုံးပြီး စကားပြောစက်၂လုံး၊ သေနတ်အတို၂လက်နဲ့ အရှည်၁လက် သူတို့လက်ထဲ ပါသွားတာ” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
“အကြမ်းဖက်စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ အနီးကပ်တိုက်ပွဲ ဖြစ်သွားတော့ သူပစ်ကိုယ်ပစ်နဲ့ ဆုတ်ပေးရတာ။ ပြောက်ကျားစနစ် တိုက်ခိုက်နေတာဆိုတော့ တိုက်ပွဲ ဖြစ်ပွားချိန် သိပ်မရှိလိုက်ဘူး။ အကြမ်းဖက်စစ်တပ်ထဲမှာက နယ်မြေကျွမ်းကျင်တဲ့ BGF တပ်ဖွဲ့တွေ ပါဝင်ကူပေးနေတာ တွေ့ရတယ်” လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ကရင်ပြည်နယ် စစ်ဆင်ရေးတွေမှာ အကြမ်းဖက်စစ်တပ်က အခုနောက်ပိုင်း BGF တွေကို လမ်းပြခိုင်းတာ၊ စခန်းအထိုင်တွေမှာ BGF ဝတ်စုံတွေနဲ့ ကင်းစောင့်နေတာအပြင် စစ်ရေးလှုပ်ရှားနေမှုတွေမှာပါ BGF တွေကို ပိုမိုအသုံးချလာတာတွေ တွေ့ရနေကြောင်း ကရင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – BGF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်းတွင် အင်အား ၁၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းနှင့် တိုက်ခိုက်ဖြစ်၊ စစ်အုပ်စုက ၁၀ ဦး သေ၊ ၁ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ပုသိမ် ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ကားတွေပြန်လာသယ်တဲ့ စစ်အုပ်စု ထပ်မံတိုက်ခိုက်ခံရပြီး ၄ ယောက်သေ

စစ်ကိုင်းတိုင်း၊ မင်းဘူးမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျန်နေခဲ့တဲ့ ကားတွေလာသယ်တဲ့ စစ်အုပ်စုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့  တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။