စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၀ရက်၊ မနေ့က မနက်ပိုင်းမှာ မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၄စီးကို BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ဝင်တွေက ချောင်းဦးမြို့အဝင် မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသနိုင်ဖို့အတွက် ချောင်းဦးမြို့နယ် ထွေအုပ်ရုံးထဲ ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့ကနေ ထွက်လာမယ့် စစ်တပ်ကားတွေကို လုံခြုံရေးယူပေးမယ့် စစ်ကောင်စီတပ်သားတွေကိုလည်း မြင်းမူမြို့နယ် အလက္ကပ ကျေးရွာအနောက်ဘက်မှာ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ဝင်တွေက ထပ်ပြီးမိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို BLDF တပ်ခွဲ အညာမိုင်း ဇာမဏီတပ်ဖွဲ့နဲ့ ဒေါင်ဘုရင် တပ်ဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိချက်ကောင်းကောင်းနဲ့ မိုင်းဆွဲနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား၃ယောက် သေကာ ထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်တော နခခ(၅)မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အများအပြား အရှင်ဖမ်းမိ၊ စစ်ကောင်စီဘက်က ၄၅၀ ကျော်သေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို AA ထိန်းချုပ်လိုက်ပြီ

မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄၅၀ ကျော်အထက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဝီးမြို့မှာ ဒေသခံ အမျိုးသားတစ်ယောက်က မြေမြှုပ်မိုင်းတစ်လုံးကို ဓားနဲ့​ခုတ်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့တွင် အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီးဒဏ်ရာများနှင့် သေဆုံးနေ

ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။