အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်
AA က တရားမဝင် ရောက်ရှိလာတု့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး အဲဒီထဲက ခုနစ်စီးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကျန်ရှိနေတဲ့ ငါးဖမ်းလှေ ရှစ်စီးကို လုံခြုံရေး အာမခံချက်ရှိတဲ့အချိန်မှာ လွှဲပြောင်းပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
AA ထိန်းချုပ်ထားတဲ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ငါးဖမ်းရင် အပြစ်ပေးအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေ အစီး ၆၀ ခန့်ကို AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်တွေက တွေ့ရှိပြီး ငါးဖမ်းလှေ ၁၅ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။
ထပ်မံပြီး မြန်မာ့ရေပိုင်နက်ထဲမှာ လာရောက်ကျူးကျော် ငါးဖမ်းဆီးမှုတွေ မပြုလုပ်ဖို့လည်း ခံဝန်ကတိများ ရယူထားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ မြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေစဉ် ရခိုင်နယ်စပ်ဒေသအတွင်း လုံခြုံရေးတွေကိုလည်း တိုးမြှင့်ဖော်ဆောင်လျက်ရှိတာပါ။
0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်း၏ တည်ထောင်ခြင်း ‌(၄) နှစ်ပြည့်၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရပ်စောက်မြို့ ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ

မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။