မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းက ထွက်လာတဲ့ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့ အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ (၁၇) ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ စအရ-၉၁၀ (အမှတ် – ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) မှာ အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာကတဆင့် မတ္တရာမြို့နယ်အတွင်း ဝင်ရောက်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၁၂) ယောက် သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နဲ့ MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခုနဲ့ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နမခ က တက်လာတဲ့ Mi-35 နဲ့ ပစ်ခတ် တိုက်ခိုက်တာ၊ မိတ္ထီလာက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ (၅) ကြိမ် ဗုံးကြဲ တိုက်ခိုက်တာ စသဖြင့် လေကြောင်းပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်ယာပြန်လုပ်နေသည့် စစ်ရှောင်ပြည်သူများကို PNO ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အသက် ၂၀ ကစလို့ တော်လှန်ရေးတာဝန်များ ၄ နှစ်ကြာ ထမ်းဆောင်ပြီးနောက် တပ်စိတ်မှူး ရဲဘော် ပေါက်စ ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLF က ထုတ်ပြန်ထားပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းသွားကြိုတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ယောက်သေ ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းကြိုပြီးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ယောက်သေပြီး ၄ယောက်အပြင်းအထန် ထိခိုက်ခဲ့ကြောင်း Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဆုတ်လာသည့် အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦးသေပြီး အများအပြား ဒဏ်ရာရ…

" ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။