မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၀ရက်၊ မနေ့က ညနေပိုင်းမှာ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းပေါ်က ညောင်ဂျစ်ပင် ပျူစောထီးရွာကို အညာမြေတပ်ပေါင်းစုနဲ့ ပူးပေါင်းတပ်တွေက ရော့ကတ် ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မနေ့က ညနေ ၃နာရီမှာ သွားရောက်ပစ်ခတ်ခဲ့တာပါ။ ရော့ကတ်တွေက ပြင်းအားမသေးတော့ ပစ်မှတ်နေရာတွေသာ အတိအကျ ကျရင် သေချာပေါက်အထိအခိုက်က ရှိမှာပါ။ အတည်မပြုနိုင်ပေမယ့် ထိခိုက်မှုတွေရှိလို့ ဒီမနက်အစောကြီး စစ်ကောင်စီက လေကြောင်းပစ်ကူ ရှင်းလင်းရေးတွေ လာလုပ်သွားတာပါ။” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
ပခုက္ကူ- ကမ္မ- ပေါက်လမ်းပိုင်းပေါ်က ညောင်ဂျစ်ပင် ပျူစောထီးရွာတိုက်ခိုက်ခံရပြီးနောက်ပိုင်း နိုဝင်ဘာ ၂၁ရက် ( ဒီနေ့ ) မနက် ၅နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ရွာအနီးတဝိုက်နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်။
ညောင်ဂျစ်ပင်ရွာနဲ့ အနီးအနားက ရေလာလေး ပျူစောထီးရွာမှာလည်း အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲထားပြီး နှစ်ရွာပေါင်းကို မဘသဘုန်းကြီး ဝါယမ ဆိုသူက အုပ်ချုပ်နေတယ်လို့လည်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“အတိအကျမဟုတ်ပေမယ့် ညောင်ဂျစ်ပင်နဲ့ ရေလာလေးပေါင်းရင် စခနဲ့ ပျူအင်အားက ၁၂၀လောက်ရှိပါတယ်။ နှစ်ရွာပေါင်းကို ညောင်ဂျစ်ပင်ရွာ မဘသကိုယ်တော်က အုပ်ချုပ်တယ်ပေါ့။ စစ်တပ်အခြံအရံနဲ့ ဘုန်းကြီးပါ။ အဲ့ညောင်ဂျစ်ပင်က ပခုက္ကူ ပေါက်လမ်းမကြီးပေါ် ဝါးတားဂိတ်လုပ်ပြီး ပြည်သူတွေဆီက ငွေတောင်းပစ္စည်းလုတယ်။ အရင်ကပေါ့။ အခုတော့ ကျနော်တို့တော်လှန်ရေးတပ်တွေ ခဏခဏ ဝင်တိုက်လို့ မလုပ်ရဲတော့ဘူး။ ဒါတောင်ရှိပါသေးတယ်။ အခုဆိုးနေတာက အဲလမ်းပိုင်းပေါ်ကပဲ ညောင်ဂျစ်ပင်ရွာ အရှေ့ဘက် ၆မိုင်အကွာက တင်းဂတ်ရွာဂိတ်ပဲ။ ဟိုနေ့က မြိုင်နယ်ကနေ မှတ်ပုံတင်သွားလုပ်တဲ့ ကောင်လေးသုံးယောက်ကို ဖမ်းထားလိုက်ပါတယ်။” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အခုလာမယ့်ရက်ပိုင်းတွေထဲ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တဲ့အတွက် အရပ်သားတွေ လေကြောင်းရန် ဂရုစိုက်ကြဖို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါသေးတယ်။
ပုံစာ – အညာမြေတပ်ပေါင်းစု တော်လှန်ရေး ရဲဘော်များ
0 Shares:
You May Also Like
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

စစ်ကြောင်းလိုက် ပြုတ်ထားတာ မကြာသေးတဲ့ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့  အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီး၊ ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။