အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရတဲ့ စကခ(၈) အခြေစိုက်၊ ခလရ (၂၈၂) က တပ်သား စိုင်းလင်းကို(ကိုယ်ပိုင်အမှတ်-၅၇၄၇၉၉) ဟာ အောက်တိုဘာလ (၆) ရက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ဆီ MA3 သေနတ်တစ်လက်၊ ကျည်ဘောက် ၁ ဘောက်နဲ့ 5.56 ကပစ ကျည် ၂၃ တောင့်တို့နဲ့အတူ အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF က ဆုငွေ သိန်းငါးဆယ်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF အနေနဲ့ လက်နက်ချ၊ အလင်းဝင် ၊ထွက်ပြေး ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတရား ညှဉ်းပန်း နှိပ်စက်မှုကနေ ကင်းလွတ်ခွင့်ရစေပြီး နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အသက်အန္တရာယ်ကို အာမခံချက် ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားအဖြစ် သွပ်သွင်းခံရသူတွေအနေနဲ့ နောက်မကျခင် အသိတရားနဲ့ လက်နက်ချ အလင်းဝင် ခိုလှုံချင်ရင် ကြိုဆိုလက်ခံသွားမယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်လကျော် ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA အသာစီးရလာကာ ဆက်လက်ပြင်းထန်နေ

KIA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ  တော်လှန်ရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ ၂ လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။