ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ရက်၊ ဒီနေ့ညနေပိုင်းမှာ မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ မြဝတီအသံလွှင့်ဌာနဝန်းထဲကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက M79 လက်နက်ကြီးနဲ့ ၄၀မမ ၃လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ဒီနေ့ ညနေ ၅နာရီလောက်မှာ အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မြဝတီအသံလွှင့်ဌာန ဝန်းထဲကို ကျနော်တို့ M79 လက်နက်ကြီးနဲ့ ၄၀မမ (၃)လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ၁လုံးကညဂိတ်နားကျပြီး ကျန်တဲ့၂လုံးက အထဲထိရောက်ပါတယ်။” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ Yangon Army (YA) ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှေ့လျှောက်လည်း ရန်ကုန်ပြည်သူတွေနဲ့အတူ အမြဲရှိနေသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။
Yangon Army (YA)အနေနဲ့ အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မချင်း နောက်ထပ်ပစ်မှတ်ကြီးတွေကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တဲ့အတွက် အရပ်သားပြည်သူတွေဘက်က စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို ဝေးဝေးနေထိုင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
နိုဝင်ဘာ ၂၀ရက် ၊ မနေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ မင်္ဂလာဒုံမြို့မရဲစခန်းကို Dark Shadow အဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါသေးတယ်။
ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြဝတီအသံလွှင့်ဌာန (မှော်ဘီ) ကို သွားရောက်ခဲ့စဥ်
0 Shares:
You May Also Like
Read More

မုံရွာတွင် သာစည်​ထောင်ကြီးကွင်းနှင့် ရဲစခန်းအား ဗမာ့တပ်တော်နှင့် ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ ရဲ ၃ ဦးသေပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီး

" တိုက်ပွဲက ၄၅ မိနစ်ကြာပါတယ်။ ၆၀ မမတွေနဲ့ ရန်သူ့ဘန်ကာတွေကို အနီးကပ် ပစ်ခတ်တာ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ ကျန်းမာရေးစင်တာမှာ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ People's Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) ကို ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းသွားကြိုတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ယောက်သေ ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းကြိုပြီးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ယောက်သေပြီး ၄ယောက်အပြင်းအထန် ထိခိုက်ခဲ့ကြောင်း Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

သတိထားရမည့် ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်များ

လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။