ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အသတ်ခံရသူတွေဟာ အငြိမ်းစား လျှပ်စစ်ဝန်ထမ်း ဦးကျော်သိန်းမောင် (၆၉) နှစ်၊ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်သူ (၃၆နှစ်) နဲ့ မြေးဖြစ်သူ မောင်းစိုင်းဝဏ္ဏ (၈နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။
“မြို့မှာတော့ အမျိုးမျိုးပြောနေကြတာပဲ။ ညကတည်းက ဖမ်းခေါ်ပြီး သတ်တာ၊ မနက်အစောပိုင်းမှာ သတ်ခံရတာဆိုပြီး ပြောနေကြတာပဲ။” လို့ ဘုရားသုံးဆူမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
မိသားစု ၃ယောက်လုံးကို အမည်မသိ လူတစ်စုက နေအိမ်ကနေ ဖမ်းခေါ်သွားပြီးနောက် အခုလို အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေဆုံးအလောင်းတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့၊ မနက်ပိုင်းမှာ ဘုရားသုံးဆူမြို့ပြင်က မက္ကသာကျေးရွာ ကားလမ်းမဘေးက ရော်ဘာခြံထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ၊ နေ့လည် ၁ နာရီမှာ နာရေးပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေထိုင်လာတဲ့အပေါ် စိုးရိမ်နေကြစဉ်မှာပဲ အခုလို လူသတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေက စိုးရိမ်ထိန့်လန့်နေကြတယ်လို့ သိရပါတယ်။
ပုံစာ – သေဆုံးသူ မိသားစုဝင် ၃ယောက်ကို ပြန်လည်တွေ့ရစဉ်
0 Shares:
You May Also Like
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
Read More

ဇီးကုန်းမှာ ရာအိမ်မှူးရှင်းခံရမှာစိုးလို့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။
Read More

မြင်းခြံ သံမဏိစက်ရုံကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ သံမဏိစက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ Myingyan District Battalion - 2 ထံက သိရပါတယ်။ 
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်) က ရဲဘော်တွေကို အောက်တိုဘာလ ၂၈ ရက်မှာ ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ငလျင်ကြောင့်ဘာသာရေး အဆောက်အအုံ ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရဟု NUG ထုတ်ပြန်

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံပေါင်း ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။