ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

လူ ၇ ဦးပါရှိတဲ့ ၎င်းတို့ ပစ်ကပ်ကားကို အခင်းမဖြစ်ခင်က ဘန်လမ်ခရိုင်လျှပ်စစ်ရုံးရှေ့ လမ်းဘေးမှာ ရပ်ထားတာကို ကင်းလှည့်ရဲတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ရဲတွေက သံသယရှိတာကြောင့် အဆိုပါကားကို စစ်ဆေးဖို့ ချဉ်းကပ်လာရာမှာ ယာဉ်မောင်းဖြစ်သူက အရှိန်နဲ့မောင်းပြေးခဲ့ကြောင်း၊ ကင်းလှည့်ရဲတွေက နောက်ကနေ လိုက်ဖမ်းခဲ့ရာက လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး မြောင်းထဲကို ထိုးကျသွားခဲ့ကြောင်း သိရပါတယ်။

မြန်မာ ၆ဦး သေဆုံးခဲ့တဲ့ ယာက်တိုက်မှု (ဓာတ်ပုံ Thai PBS)

အဆိုအရ ယာဉ်မတော်တဆ ဖြစ်စဉ်အတွင်း သေဆုံးသူတွေထဲမှာ ထိုင်းယာဉ်မောင်း အမျိုးသား ၁ဦး၊ ရှေ့ခန်းကလိုက်ပါလာသူ မြန်မာအမျိုးသား ၁ ဦးနဲ့ နောက်ခန်းက လိုက်ပါလာသူ မြန်မာအမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

စုံစမ်းရေးဆောင်ရွက်နေတဲ့ ထိုင်းရဲတပ်ဖွဲ့က ရဲမှူးကြီး Pratchaya Buranat က သေဆုံးသူတွေရဲ့ ဆွေမျိုးတွေအနေနဲ့ အလောင်းတွေကို တောင်းယူဖို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်တာ မရှိသေးဘူးလို့ နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။ 

မြန်မာ ၆ဦး သေဆုံးခဲ့တဲ့ ယာက်တိုက်မှု (ဓာတ်ပုံ Thai PBS)

ဆွေမျိုးတွေကို ဆက်သွယ်ဖို့အတွက် အကူအညီရယူဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မယ်လို့ ၎င်းက ဆိုပါတယ်။ Khaosod သတင်းမှာတော့ ယာဉ်မောင်းအပါအဝင် သေဆုံးသူ ၇ ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ စီးပွားရေးအလွန်ကြပ်တည်းလာမှုအပါအဝင် စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာမှုတွေ များပြားလာပါတယ်။ ဒီလိုတရားမဝင် ဝင်ရောက်လာရမှုတွေနဲ့အတူ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားဦးရေဟာလည်း လွန်စွာမြင့်တက်လာပါတယ်။ 

ကလေး ၂ ဦး အပါအဝင် ဖမ်းဆီးခံရတဲ့ မြန်မာ ၉ ဦး (ဓာတ်ပုံ AEC TV Online)

ယခုရက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉ ဦးဟာလည်း  နယ်စပ်အနီး တာ့ခ်ပြည်နယ်၊ ဖုတ်ဖရခရိုင်မှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၄ နာရီက ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂ ဦးပါဝင်ပြီး၊ ကျန်တဲ့သူတွေထဲမှာ အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။

ကလေး ၂ ဦး အပါအဝင် ဖမ်းဆီးခံရတဲ့ မြန်မာ ၉ ဦး (ဓာတ်ပုံ AEC TV Online)
0 Shares:
You May Also Like
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်နေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်မပြုဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်မပြုဘူးလို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။