ဒီရက်ပိုင်းအတွင်း ကိုးကန့်တပ်မတော် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားပြီး မြန်မာပြည်တွင်း ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေတွေကို ဖိအားပေးသလို ကိုးကန့်တပ်တွေလည်း လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေကြပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက မနေ့က နိုဝင်ဘာ ၁၉ ရက်မှာ တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သူတို့အနေနဲ့ ဖမ်းဆီးထားတာ မဟုတ်ဘဲ MNDAA ခေါင်းဆောင်က ဆေးကုသမှုခံယူနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“တရုတ်ကနေ သတင်းစာရှင်းလင်းပွဲ ထလုပ်ရပြီဆိုကတည်းက တကယ့် အနေအထားက မှန်လို့ ထလုပ်ရတာ။ သူ့အနေနဲ့ တကယ်တမ်း ငြင်းစရာအကြောင်းကို မရှိဘူး။ ကျနော် ခန့်မှန်းမိသလောက်ဆိုရင် ဒါက အခုမှ ဖြစ်တာမဟုတ်ဘူးပေါ့နော်။ စက်တင်ဘာလလောက်ကတည်းက အဲဒီအနေအထားမျိုး ဖြစ်နေတာလို့ ကျနော် သုံးသပ်ရပါတယ်” CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

မြန်မာလူထုရဲ့ ထောက်ခံအားပေးမှု ရရှိခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း MNDAA က လောက်ကိုင်၊ မုံးကို၊ ပန်ဆိုင်း၊ ကြူကုတ်၊ ချင်းရွှေ့ဟော်အပါအဝင် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။ အခု လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာပေးနေတယ်ဆိုတာ လုံးဝမဟုတ်မမှန်ဘူးလို့ ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

“ကျနော် လားရှိုး၊ နောင်ချို၊ သီပေါ၊ နန့်ခမ်းဘက်က အဖွဲ့တွေနဲ့ တိုက်ရိုက်အချိတ်အဆက်ရှိပါတယ်။ လားရှိုးကနေ ကိုးကန့်တပ်တွေ စပြီးတော့ ဆုတ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲ့ဒါ မှားပါတယ်။ ပြီးတော့ ကျနော် ခန့်မှန်းခဲ့သလိုပဲ။ သိမ်းပိုက်ပြီးသား နေရာတွေကတော့ ဆုတ်ပေးမှာ မဟုတ်ပါဘူး”။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြီးခဲ့တဲ့ သြဂုတ်လက နေပြည်တော်မှာ တွေ့ဆုံစဉ်

၂ဝ၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး အင်နဲ့အားနဲ့ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးထဲမှာ မြန်မာစစ်တပ်နဲ့ ခေတ်အဆက်ဆက် ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း အင်တိုက်အားတိုက် ပါဝင်လာတာကြောင့် တော်လှန်ရေးဟာ ပိုမိုခရီးရောက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တရုတ်က သူ့ရဲ့ နယ်စပ်တကြော ထိစပ်တဲ့နေရာတွေမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပုံစံမျိုးစုံနဲ့ ဖိအားပေးလာတာကိုလည်း အထင်းသား မြင်နေရပါတယ်။

တရုတ်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်လို့မရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း တော်လှန်ရေးမှာ သတိကြီးကြီးနဲ့ လျှောက်လှမ်းနေရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်ကတော့ အခု နိုဝင်ဘာလအတွင်း တရုတ်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက်ပိုင်း သူတို့စစ်ကောင်စီကို တရုတ်က ထောက်ခံကြောင်း တတွင်တွင် ပြောဆိုနေသလို ရှမ်းမြောက်ဒေသအပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

“တရုတ်ဖိအားကတော့ ကျနော်တို့နိုင်ငံအပေါ်မှာ ကောင်းတဲ့စိတ်ထားမရှိဘူး။ ကျနော်တို့နိုင်ငံအပေါ်မှာတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအပေါ်မှာလည်း ကောင်းတဲ့စိတ်မရှိဘူး။ သူတို့က ကွန်မြူနစ်ဝါဒကို လက်ကိုင်ထားတဲ့ နိုင်ငံပေါ့နော်။ ဒါပေမယ့် လက်ရှိမှာတော့ စူပါပါဝါအရ အင်အားကြီးနေတယ်။ ကမ္ဘာ့စူပါပါဝါအဆင့် တရုတ်အစိုးရကိုပါ ကျနော်တို့ နွေဦးတော်လှန်ရေးက တွန်းလှန်နေရတာပါ။ တစ်ကမ္ဘာလုံးရဲ့ အကူအညီမရှိဘဲနဲ့ ကိုယ့်ပြည်တွင်းအင်အားနဲ့ တွန်းလှန်နေရတာ။” CDM ဗိုလ်ကြီး ဇင်ယော်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်တပ််က ကျူးလွန်သော ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပေမဲ့လည်း အထူးတဆန်းတော့ မဟုတ်နေတော့ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ ဒီအတွက် သင့်လျော်မယ့် အရေးယူတုံ့ပြန်မှုတွေ လုံးဝ မချမှတ်နိုင်သေးချိန်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်မဲ့ရုပ်အလောင်းတွေ တောင်လိုပုံလာနေပါတယ်။
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

စစ်ကောင်စီထံက စစ်ရေးအရ အရေးပါတဲ့ လေဆိပ် ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။