ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒီနေ့မနက်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေအတွင်းက အများပြည်သူအသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ့် ပွန်ချောင်းတံတားကို လေယာဉ်နဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက အကြောင်းအရင်းမရှိဘဲ PNLO နယ်မြေကို ဒီနေ့မနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာကြောင့် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PNLO က ဆိုပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ အခုအချိန်ထိ အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်လို့လည်း PNLO က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား(၁)ဦး K.N.L.A တပ်မဟာ(၄) ထံ လက်နက်ဖြင့် အလင်းဝင်ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသော 96 Soldiers တပ်သားတစ်ဦးကျဆုံး

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ 96 Soldiers- PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရဲဘော်အောင်အောင်ဟာ မဟာမိတ်တပ်များနဲ့အတူတိုက်ပွဲဝင်နေစဥ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့အတွက် 96 Soldiers – PDF က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

တော်လှန်ရေးတပ်များ ဆုတ်ခွာထားသည့် မော်လိုက်ကလေးရွာကို ကလေး (ဒု) ဒကစမှူးအမိန့်ဖြင့် စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ကလေး (ဒု)ဒကစမှူး အမိန့်နဲ့ အကြမ်းဖက်ခြေမြန်တပ်ရင်းတွေက မော်လိုက်ကလေးကျေးရွာအတွင်း မွှေနှောက်ခိုးယူကာ စစ်ရှောင်နေအိမ်တွေကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၆ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက မော်လိုက်လေးကျေးရွာထဲ ဝင်ရောက် မွှေနှောက်ရှာဖွေရင်း အရပ်သားပိုင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ခိုးယူသယ်ဆောင်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။