စစ်ကောင်စီတပ်ရဲ့ ရေတပ်နဲ့ သံချပ်ကာပြင်ဆင်ရေးတပ်က တပ်ကြပ်ကြီးနှစ်ဦး ရန်ကုန်တိုင်းစစ်ဌာနထံ ခိုလှုံ ဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနက အသိပေး ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်နဲ့ သံချပ်ကာ ပြင်ဆင်ရေးပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်တို့ ခိုလှုံဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်လက်ခံထားတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲတယ်လို့လည်း ရန်ကုန်တိုင်း စစ်ဌာနက ဖော်ပြရေးသားထားပါတယ်။

အဆိုပါတပ်ကြပ်နှစ်ဦးဟာ  ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၁)နှင့် (၅၁၀၂)ထံ အလင်းဝင်လာခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို လက်ခံကြိုဆို‌ကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်မယ်လို့လည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့က စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ က ရဲဘော်တွေကို လက်နက်တပ်ဆင်ပေး

မကွေးတိုင်းအခြေစိုက်တဲ့ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲအခမ်းအနား အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။