ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွန်ကျေးရွာမှာ နိုဝင်ဘာလ ဒုတိယအပတ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းအပတ်စဥ် ၈ အတွက် စာရင်းပါတယ်ဆိုပြီး ဒေသခံအမျိုးသား ၁၀ ယောက်ကို အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရပ်ရွာတာဝန်ခံ စတဲ့သူတွေက ကျေးရွာအတွင်း လိုက်လံရှာဖွေကာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အခြားမြို့နယ်က ကျေးရွာတွေနဲ့မတူဘူး။ သူကအကြမ်းဖက်စစ်တပ်ရဲ့ အားထားရတဲ့ အုပ်ချုပ်ရေးမှူး။ သူကအကြောင်းတစ်ခုခုရှိလို့ ဖုန်းဆက်လှမ်းခေါ်ရင်တောင် အကြမ်းဖက်စစ်တပ်က ချက်ချင်းရောက်လာတာဆိုတော့ ထင်တိုင်းကြဲနေတာပေါ့။ အခုလည်း စစ်တပ်တောင်မပါဘူး။ သူနဲ့ အဆင်မပြေတဲ့သူတွေကို စာရင်းထဲပါတယ်ဆိုပြီး ဝင်ဖမ်းတာ” လို့ နုံကျွန်ကျေးရွာအနီးမှာနေတဲ့ ဒေသခံအမျိုးသမီးတစ်ယောက်က မောင်းကိုပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဇော်လင်းမောင်၊ ကျေးရွာတာဝန်ခံ ကျော်တိုး၊ ရာအိမ်မှူး ဇော်မြင့်၊ အဲဒီ ရာအိမ်မှူးရဲ့ သားဖြစ်သူ မျိုးမင်းထွန်းတို့ ဦးဆောင်ပြီး ရဲနဲ့စစ်တပ်တောင် မပါဘဲ အုပ်ချုပ်ရေးအဖွဲ့ခန့် မီးသတ်တချို့နဲ့အတူ လိုက်လံရှာဖွေဖမ်းဆီးသွားတယ်လို့ အထက်ပါ ဒေသခံ အမျိုးသမီးက ဆိုပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာလည်း စစ်မှုထမ်းအပတ်စဉ် ၅ တုန်းက ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က လူငယ်တွေ ပြည်ပထွက် မလုပ်လုပ်နေလို့ စစ်မှုထမ်းဖို့ လူဦးရေစာရင်း ကောက်ခံလို့မရကြောင်း စစ်တပ်ကို အကြောင်းကြားခဲ့တာကြောင့် ကျေးရွာတွေအတွင်း ဝင်ရောက်ပေါ်တာဆွဲခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးကြောင်း ပန်းတနော် ဒေသခံတစ်ယောက်ကလည်း ပြောပြပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံအနှံ့ စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်နေတာကြောင့် စစ်သားအင်အား လိုအပ်ချက်တွေ ရှိနေပြီး လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီး၊ စစ်သင်တန်းပေးကာ ရှေ့တန်းကို စေလွှတ်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက်လမ်းများ ပြုပြင်ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း အမှတ် (၄) က စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လူငယ် ၃ ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသည့် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ကွယ်လွန်

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရန် ရွှေဘို-မန္တလေး လမ်းမပေါ်တွင် လှုံ့ဆော်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားပါ ဆိုင်းဘုတ်တချို့ကို စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းမပေါ်မှာ သွားရောက် ချိတ်ဆွဲစိုက်ထူခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။