မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။

စစ်ကောင်စီက ဒေသခံပျူစောထီးတပ်တွေနဲ့ မဲဇလီရဲစခန်းအတွင်း အင်အားပေါင်းစပ်ဖြည့်တင်းရင်း နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ ပုသိမ်-မုံရွာလမ်းမကြီးကတဆင့် ပွင့်ဖြူမြို့နယ် ကျွဲခြံနဲ့ လယ်မရွာတွေဘက်ဆီ စတင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ တပ်သားတချို့ဟာ အဲ့ဒီနေ့မှာပဲ မင်းဘူးခရိုင် တပ်ရင်း(၄) က ထောင်ထားတဲ့ရှေ့ထွက်မိုင်းကွင်းနင်းမိပြီး ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ဆီးကြိုမိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်တွေက အရပ်သားကျေးရွာတွေထဲ ၆၀ မမ၊ ၈၁ မမ စတဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ အီနာဂါဒရုန်းဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် နိုဝင်ဘာ ၁၁ရက်နေ့မှာ ကျွဲခြံရွာနေ အရပ်သား၁ယောက် ပေါင်ကို လက်နက်ကြီး စထိမှန်တဲ့ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ကျွဲခြံရွာဦး ဘုန်းကြီးကျောင်းဝန်းထဲက မီးတိုင်/မီးကြိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ( ၄ ) တပ်ရင်းက ပြောပါတယ်။

၉ ရက်နေ့မှ ၁၆ ရက်နေ့ထိ တိုက်ပွဲသတင်း ထုတ်ပြန်ချက်

နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ကံပြားကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပွင့်ဖြူမြို့နယ် ဆင်လူးရွာက ပျူစောထီးတွေ ပေါင်းထားတဲ့ အင်အား၈၀ပါ စစ်ကား၇စီးဟာ ပုသိမ်-မုံရွာ ကားလမ်းဘေး၊  ပုဂ္ဂလိက ရေနံချက်စက်ရုံအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ ပဒေသာမိုင်းတွေ တိုးမိပြီး ဆင်လူးရွာပျူခေါင်းဆောင် ဖိုးအောင် ဆိုသူနဲ့ ၄ ယောက် ထိခိုက်ဒဏ်ရာရကာ ၂ ယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ စစ်ကောက်စီက ကျွဲခြံ ၊  လယ်မ၊ မအူပင် ရွာတွေဆီ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ရက်နေ့ကလည်း အင်အားဖြည့်တင်းထားတဲ့ မဲဇလီရဲစခန်းဆီ ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်လုပ် ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကုန်းပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ စစ်သား၂ ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆  ရက်နေ့မှာလည်း အင်အား (၁၂၀) နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မင်းဘူးခရိုင် အမှတ်-၄ တပ်ဖွဲ့ဝင်တွေ လယ်မ ရွာမှာ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီး စစ်ကောင်စီတပ်တွေ ပြန်လည်းဆုတ်ခွါသွားခဲ့ပါတယ်။ 

နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ၁၆ ရက်နေ့အထိဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းတွေတိုးမိနေခဲ့တဲ့အတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေရတာနဲ့ပဲ ရှေ့ဆက်မတိုးနိုင်ခဲ့ကြောင်း ၊ မိုင်းမိသေဆုံးသူ (၁၀)ယောက်အထိရှိခဲ့ကာ (၇)ယောက်ထက်မနည်းအပြင်းအထန် ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်လည်ဆုတ်ခွါသွားခဲ့ကြောင်း မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းက ပြောပါတယ်။

အဲဒီထိတွေ့မှုတွေထဲ မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းက ရဲဘော်၂ ယောက်နဲ့ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

၁၈ ရက်နေ့အတွက် တိုက်ပွဲသတင်းထုတ်ပြန်ချက်

ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ရှိနေတဲ့ ပွင့်ဖြူမြို့နယ်အတွင်းက ဆင်လူးကျေးရွာကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့နဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၁ယောက်နဲ့ ပျူစောထီး ၁ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။

“နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၇ ရက်တာ ထိတွေ့မှုကတော့ စစ်ကောင်စီစစ်ကြောင်းကို ကျနော်တို့ ရွတ်ရွတ်ချွံချွံ ခုခံခဲ့ရတာပါ။ ၁၈ ရက်နေ့ကတော့ သူတို့အထိုင်ချထားတဲ့ ဆင်လူးစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အခုရက်ကတော့ စစ်ရေးက ပြန်အေးသွားပြီလို့ ပြောလို့ရပါတယ်။အခုတော့ ရဲဘော်တွေက နယ်မြေရှင်းလင်းရေး မိုင်းရှင်းလင်းရေးတွေ ပြုလုပ်ဆောင်ရွက်ပြီး ပြည်သူတွေကို မိမိနေအိမ်ဆီ ပြန်လည်နေထိုင်ခွင့်ပြုထားပြီးပါပြီခင်ဗျ” လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံး ပစ်ခတ်ခဲ့သည့် ရာအိမ်မှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူးဖြစ်သူ အောင်မိုးခိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

NMSP-AD ရဲ့ ၂ရက်တာ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိတွေအပါ ၈ယောက် သေ

မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။