ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၁၈) ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆) မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၂ )နှစ်အရွယ် ကလေးငယ် (၁) ယောက် သေဆုံးပြီး အရပ်သား (၃) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်ကလည်း နောင်ချိုမြို့အတွင်း စစ်ကောင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်း (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် မန္တလေးနန်းတွင်းသို့ ယတြာချေရန် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး တိုင်းမှူးအိမ် ထိမှန်ပျက်စီး

မန္တလေးတိုင်း၊ မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တိုင်းမှူးအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကသတင်း ထုတ်ပြန်လာပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်ဆက် ထိတွေ့မှုဖြစ်၊ လက်နက်ခဲယမ်းနှင့် သုံးပန့်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

ဆေးသင်တန်းသား/သူ ၁၈ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ပြစ်ဒဏ်စီရင်ချမှတ်ပြီးကြောင်း KNDF ထုတ်ပြန်

ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။