MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က အလယ်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ဗုံးကြဲတိုက်ခိုက်ခံရမှုကို ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် ညဦးပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ရပ်ကွက်(၄)ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာဇွင့်လှစ်ထားတဲ့ ကွတ်ခိုင် စိန်ကွမ်(Sheng guang)အလယ်တန်းကျောင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု မြင်ကွင်းတွေကို မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

0 Shares:
You May Also Like
Read More

ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းမြာကြီးရွာဘုန်းကြီးကျောင်းကို ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် ငါးဇွန်မြို့နယ် ငါန်းမြာကြီးမြို့အရှေ့ဘက် လယ်တီဘုန်းတော်ကြီးကျောင်းအတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေခဲ့တယ်လို့ ငါန်းမြာကြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဒုစစ်ဦးစီးချုပ် မာဝီ၏ KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်သတင်းစကား (ရုပ်/သံ)

''စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ကျွန်တော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ခြမ်းခြမ်း ချမ်းချမ်းသာသာ မနေဘူးဆိုတဲ့ အခြေအနေတစ်ခု ကို ကျွန်တော်တို့ နှလုံးသားထဲမှာ၊ ခေါင်းထဲမှာ အမြဲရှိဖို့ လိုပါတယ်။ ဒါကြောင့်မလို့ ဒီတိုက်ပွဲကို ကျွန်တော်တို့ အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီးတော့မှာ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်''