မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ရွှေစက်တော်ဘုရားနား တပ်စွဲပြီး သစ်တောထွက်ပစ္စည်းတွေနဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေ ခိုးထုတ်ရောင်းစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ရာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၇ရက် မနက်အစောပိုင်းက မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီး ဘုရားရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တော်လှန်ရေးတပ်တွေ လက်နက်ကြီးပစ်ဖောက်နေတဲ့အချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် အချိန်တိုအတွင်း တိုက်ပွဲပြီးသွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၆တပ်ရင်းက ထုတ်ပြန်ပါတယ်။

“ဒီကောင်တွေ ထွက်ပြေးသွားတော့ သေဆုံးမှုရော ကျနော်တို့ လက်နက်သိမ်းရတာမျိုးပါ မရှိခဲ့ပါဘူး။” လို့ မင်းဘူးခရိုင် အမှတ် ၆တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း)

ရွှေစက်တော်ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်တာတွေ၊ မျိုးတုန်းပျောက်ကွယ်လုနီးပါး တိရစ္ဆာန် ဖမ်းဆီးရောင်းဝယ်တာတွေကို ငွေကြေးရယူပြီး ခွင့်ပြုပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အကြောင်း သတင်းပေးတိုင်ကြားမှုတွေရှိလာတဲ့အတွက် အခုလို သွားရောက်တိုက်ခိုက် ရှင်းလင်းရတာ ဖြစ်တယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၆တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနဲ့အတူ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

လက်ရှိမှာ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။

တော်လှန်ရေးတပ်တွေကလည်း အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့၊ စစ်အုပ်စုတည်ရှိရာ နေရာတွေကို သွားလာခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အထိပ်ထားရာ ရွှေစက်တော်ဘုရားအတွက် နှစ်စဥ် ဖေဖော်ဝါရီလကစလို့ ပွဲတော်ကျင်းပနေကျဖြစ်ပြီး ရွှေစက်တော်ဘေးမဲ့တောဟာလည်း မြန်မာနိုင်ငံအတွင်း အကြီးဆုံးဘေးမဲ့တောတွေထဲက တစ်ခုဖြစ်ကာ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူနဲ့ စေတုတ္တရာ မြို့နယ်တွေထဲအထိ ပါဝင်နေပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းက စစ်ကောင်စီစခန်းကို ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးသွားတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင် အတော်များများ အရေပြားရောဂါနှင့် ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ က ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်တော်များများဟာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
Read More

KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။