အထူးသဖြင့် နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ ၂၃၃ ခုထက်မနည်း (၇၀ ရာခိုင်နှုန်းကျော်)မှာ တိုက်ပွဲတွေရှိနေတာကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့  စစ်တမ်းကဆိုပါတယ်။

စစ်တမ်းဟာ ၂၀၂၄ ဩဂုတ်လအထိ နောက်ဆုံးကောက်ယူထားတာဖြစ်ပြီး စက်တင်ဘာ၊ အောက်တိုဘာနဲ့ အခုလက်ရှိ နိုဝင်ဘာလတွေအတွင်းက တိုက်ပွဲတွေကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိတာကြောင့် အရေအတွက်အားဖြင့် ပိုမိုများပြားနိုင်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲများအတွင်း မြို့ပေါင်း ၈၀ နီးပါးနဲ့ တိုင်းစစ်ဌာနချုပ်တခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

အထူးသဖြင့် တနင်္သာရီ၊ မွန်၊ မန္တလေး၊ ပဲခူး၊စစ်ကိုင်းနဲ့ မကွေးတို့မှာတော့ မြို့နယ်အချို့မှာ နေ့စဥ်နီးပါးတိုက်ပွဲတွေ ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့၊ စစ်ကောင်စီတပ်များ မြို့ပေါ်သာ ထိန်းချုပ်ထားနိုင်တဲ့မြို့ ဆိုပြီးရှိသလို အုပ်ချုပ်ရေးယန္တရားတွေ ပျက်သွားတဲ့ မြို့တွေအဖြစ် ပုံစံအမျိုးမျိုးနဲ့ ကွဲပြားနေတယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူအရေအတွက်ကလည်း တိုးပွားနေပြီး နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၃ ဒသမ ၄ သန်းရှိတယ်လို့ ကုလရဲ့ အစီရင်ခံစာကို ကိုးကားပြီး ISP ကထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ရှမ်းမြောက်က လားရှိုးလို တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်မှာလည်း အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်ထိန်းချုပ်နိုင်ဖို့  AA က ထိုးစစ်ဆင်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ဒိုက်ဦးထောင်တွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် ဒုထောင်မှူး ဦးဆောင်ကာ နိုင်ကျဥ်းများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားတဲ့ လုပ်ရပ်တွေကို ဆိုးရွားစွာ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။