ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF – ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့ ပျူစောထီး အောင်ဌေး ဆိုသူကို ပြည်ခရိုင် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၄ နဲ့ ၃၆၀၂ တပ်ရင်း၊ တပ်ခွဲ ၃ တို့က သူ့ရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူ ပျူစောထီး အောင်ဌေး

“သူ့ကိုက ကျနော်တို့ ရှေ့မှာ ဖမ်းထားတဲ့ ပျူစောထီးတွေရှိပါတယ်။ အဲ့ကနေတဆင့် သူ့အကြောင်းကို သိရတာပါ။ တောင်ငူကနေ အပတ်စဉ် (၁) ပျူစောထီးသင်တန်းပြီးထားသူပါ။” လို့ ၃၆၀၁ PPDFတပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။ 

အောင်ဌေးဆိုသူဟာ ပျူစောထီး သင်တန်းဆင်း ဖြစ်ရုံမက စစ်ကောင်စီရဲ့ ဘတ်ကုန်း-ချင်းလည် ဂိတ်စခန်းမှာလည်း ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရဲ့ ကုန်ပစ္စည်းကို စစ်ဆေးဖို့ လစာ ၁သိန်း၄သောင်းကို စစ်ကောင်စီထံကလက်ခံကာ လုပ်ကိုင်ပေးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီထံ ပေးပို့နေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

PPDF ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၈ နှစ်အောက် ကလေး ၁၇ ဦးအပါ အရပ်သား ၅၅ ဦး သေဆုံး

တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ယောက်အပါအဝင် အရပ်သား ၅၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းနယ် အလူးလေးနှင့် သပြေနီကြားတွင် စစ်ကောင်စီတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က ၆ဦးသေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းသတင်းနှင့်ပြန်ကြားရေးက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေပြီး ခရီးသွားလာမှု ကန့်သတ်တာတွေ ပြုလုပ်လာနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုအစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး လမ်းခရီးတလျှောက် ခရီးသွားလာမှုတွေကိုပါ ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။