ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး G1 အဆင့် အရာရှိအပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာပြေးသွားကြောင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အနန်းကွင်းဗျူဟာကုန်း အနီးနားမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။

“အင်အား ၁၀၀ ကျော်တယ် တက်လာတာ။ အနန်းကွင်းဗျူဟာကုန်းက တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူတက်လာတာ။ အရာရှိကြီးကို စနိုက်ပါနဲ့ပစ်လို့ ခေါင်းထိမှန်သေဆုံးသွားတယ်။ အခြားအဆင့် အတော်များများလည်း သေဆုံးထိခိုက်တာတွေရှိတယ်။ နောက်ပြန်ဆုတ်ပြေးသွားတယ်” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာက နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းကတည်းက ဖြစ်တာပါ။ စနိုက်ပါ ထိမှန်သေဆုံးတဲ့အရာရှိက အဲဒီစစ်ကြောင်းက အကြီးဆုံးဖြစ်တဲ့ G1 လို့တော့သိရတယ်။ အမှတ်၈ အာရှလမ်းမကြီးဘက်ကနေတက်လာတာ။ တိုက်ပွဲဖြစ်ပွားတဲ့နေရာက ရဲတံခွန်ဘက်မှာဖြစ်တာ” လို့အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းက တပ်မဟာ ၅ နယ်မြေ ၊ တပ်မဟာ ၆ နယ်မြေထဲမှာ နိုဝင်ဘာလ ပထမအပတ်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေခဲ့တာပါ။ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းကနေ ဒရုန်းတွေပျံသန်းပြီး ကင်းထောက်လုပ်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက်သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဆင်မရဲပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီးတဲ့နောက် စစ်အုပ်စုတွေ မြင်းခြံဘက် ထွက်ပြေး၊ တပ်ကြပ်အဆင့်ရှိသူ ၁ ယောက်နဲ့ ပျူစောထီး ၃ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆင်မရဲရွာက အကြမ်းဖက်စစ်အုပ်စုတွေ ထိခိုက်သေဆုံးပြီး စခန့်စွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲထဲ တပ်ကြပ်အဆင့်ရှိသူ ၁ယောက်နဲ့ပျူစောထီး ၃ယောက်သေဆုံးခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO ရဲဘော်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နှင့် တံတားနီအရေးအခင်း (၃၇) နှစ်ပြည့်အဖြစ် စာ‌စောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စကခ (၁၉) က ပြန်လာသည့် စစ်ကားကို ရေးပြောက်ကျားတပ်က ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမှ ကျောက်မဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။