ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။

အခုလ နိုဝင်ဘာလ (၁)ရက်ကနေ (၁၅)ရက်အထိ (KNLA)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြား တိုက်ပွဲ စုစုပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ရင်းမှူး (၁) ယောက်နဲ့ ဒုတပ်ရင်းမှုး (၁) ယောက် အပါအဝင် စုစုပေါင်း (၇၇) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း KNLA အမှတ် (၅)တပ်မဟာနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်း (၈) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမှတ် (၅)တပ်မဟာလက်အောက်ခံတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်တော်ယာဥ် တစ်စီး ဖျက်ဆီးနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

တောင်သာမှာ ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ၂၂ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ်က မီးလောင်ဗုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းစားနေသည့် ထန်းတက်မိသားစုဝင် ၃ဦး မီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့လို့ ၉နှစ်အရွယ် ကလေးငယ် ၁ယောက် အပါအဝင် ထန်းတက်သမားမိသားစုဝင်​ ၃ယောက် သေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရပ်စောက်မြို့ ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။