ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 အနာဂါတ်ကော်သူးလေအစိုးရမှာ အုပ်ချုပ်ရေးယန္တရားတွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးတဲ့ ကော်သူးလေအစိုးရကောင်းတစ်ရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်နဲ့ အခုသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို ခရိုင်အဆင့် ဌာနဆိုင်ရာ ခေါင်းဆောင်တွေ ၊ မြို့နယ်အသီးသီးက ခေါင်းဆောင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ စုစုပေါင်း လူဦးရေ (၇၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းကို နိုဝင်ဘာလ (၄) ရက်ကနေ (၁၄)ရက်အထိ ကျင်းပခဲ့ပြီး (၁၅) ရက်မှာ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ သမိုင်းတရားခံတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ  သေပြီ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေဟု NUG ပြော

ဒီနေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း၏ Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ခရီးစဉ်အဆုံးသတ် Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။