ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က KIA ဌာနချုပ်ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်း ကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA က ဗိုလ်လောင်း ၈ ယောက်နဲ့ ကျန်တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်လောင်း ၁၅ ယောက် စုစုပေါင်း၂၃ ယောက် ကျဆုံးခဲ့တာပါ။

တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရတဲ့ ကျဆုံးရဲဘော်တွေကို အမြဲတမ်းသတိရနေမှာဖြစ်သလို ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘူးလို့ AA က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကျဆုံးရဲဘော်တွေရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို စစ်ရေး၊ နိုင်ငံရေးအခြေအနေပေါ် မူတည်ကာ နှစ်တိုင်း ပြုလုပ်ခဲ့ပြီး အခုနှစ်မှာလည်း အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NCA ၁၀ နှစ်ပြည့်ပွဲ တက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့ဟု စစ်တပ်ထုတ်ပြန် 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့်ပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

ရွေးကောက်ပွဲအတု ကမ်ပိန်းစာသားများ ရွတ်ပေးရန် အနုပညာရှင်များကို စစ်ကော်မရှင် စေခိုင်းထား၊ ညှိနှိုင်းမှု မဟုတ်တော့ဘဲ ပြင်းထန်စွာ ဖိအားပေးနေဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်တွင်းမှာကျန်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူ စိတ်ဝင်စားအောင် ကမ်ပိန်းလုပ်ပေးဖို့ အသည်းအသန် ကြိုးစားနေရာကနေ ခြိမ်းခြောက်ဖိအားပေးတဲ့အဆင့်အထိ ရောက်လာပြီလို့ သိရပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။