အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပုလဲမြို့နယ် စစ်ဆင်ရေးမှာဆိုရင်လည်း စစ်တပ်ရဲ့ jumper တွေကြောင့် တော်လှန်ရေးတပ်တွေရဲ့ ကင်းထောက် ဒရုန်းတွေ ၄စီးထက်မနည်း ဆုံးရှုံဂခဲ့ရကြောင်း သိရပါတယ်။

“အခုနောက်ပိုင်း စကစက jumper တွေ update မြင့်လာတာရော၊ သူတို့ဘက်က counter drone တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီမို့ တော်လှန်ရေးအဖွဲ့တွေရော ပြည်သူတွေပါ အထူးသတိထားဖို့ လိုအပ်ပါတယ်” လို့ Eagle Wings Drone Force တာဝန်ခံ ကိုဇေယျာမင်းက မောင်းကိုပြောပါတယ်။

ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ Eagle Wings Drone Force တော်လှန်ရေးရဲဘော်တချို့ (ဓာတ်ပုံ agle Wings Drone Force)

အာဏာသိမ်းစစ်တပ်ဟာ တရုတ်ထုတ် ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ကင်းထောက်လှမ်းမှုတွေ လုပ်နေသလို ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း KNU ဌာနချုပ်ကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။ အခုနောက်ပိုင်း စစ်ကောင်စီရဲ့ အခြေခံစစ်သင်တန်းတွေမှာလည်း ဒရုန်းနဲ့ပတ်သက်လို့ သင်တန်းပေးမှုတွေ ပိုမိုတွေ့လာရပါတယ်။

ဒါကြောင့် စစ်ပွဲတွေမှာ အလှည့်အပြောင်းဖြစ်စေတဲ့ ဒရုန်းတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ပိုမိုကူညီပေးကြဖို့ လိုအပ်နေပါတယ်။

ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ Eagle Wings Drone Force တော်လှန်ရေးရဲဘော်တချို့ (ဓာတ်ပုံ agle Wings Drone Force)

“တော်လှန်ရေးသမားတွေအတွက် drone တွေက မှောင်ခိုလမ်းကြောင်းက ဝယ်ယူရတာဖြစ်တဲ့တွက် စျေးတွေ အဆမတန်ကြီးမားလာလို့ ပြည်သူတွေ ပိုမိုထည့်ဝင်အားဖြည့်ပေးစေလိုပါတယ်” လို့ Eagle Wings Drone Force တာဝန်ခံ ကိုဇေယျာမင်းက ပြောခဲ့ပါတယ်။

ပုလဲတိုက်ပွဲအတွင်း စစ်တပ်ရဲ့ jumper ကြောင့် ပျက်ကျခဲ့တဲ့ ဒရုန်း (ဓာတ်ပုံ Eagle Wings Drone Force)
ပုလဲတိုက်ပွဲအတွင်း စစ်တပ်ရဲ့ jumper ကြောင့် ပျက်ကျခဲ့တဲ့ ဒရုန်း (ဓာတ်ပုံ Eagle Wings Drone Force)
0 Shares:
You May Also Like
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရှိနေသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်…

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နဲ့ ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF ( Burma Liberation Democratic Front ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။