ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။

အဆိုပါ ထွက်ပြေးလာသူတွေဟာ မျိုးနွယ်စုအသိုင်းအဝိုင်းဝင်တွေ ဖြစ်ကြပြီး ဘိုက်ရှ်ဖာရီနယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါပန်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူတို့ကို ကော့ဘဇာက ကုတုပလောင် ဟိန္ဒူရိုဟင်ဂျာဒက္ခသည်စခန်းတဝိုက်မှာ စုဝေးထားတယ်လို့ ဥခီယာခရိုင်ခွဲအရာရှိ လက်ထောက်ကော်မရှင်နာ Zarin Tasnim က ပြောပါတယ်။

တနင်္လာနေ့ မနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၅ ယောက်ထဲမှာ သက္ကမလူမျိုးနဲ့ တန်ချန်းယာလူမျိုးတွေ ပါဝင်တယ်လို့ သူမကဆိုပါတယ်။

“ဒီကိစ္စ အထက်အာဏာပိုင်တွေဆီ သတင်းပို့ထားပြီးပါပြီ။ ဒါနဲ့ပတ်သက်လို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နောက်ပိုင်းထုတ်ပြန်မှာပါ” လို့ သူမက ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာပြည်သူ ၆၅ယောက် (ဓာတ်ပုံ – TBS)

အဆိုပါ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နေမရတော့တဲ့အတွက် ထွက်ပြေးလာတာလို့လည်း ပြောကြောင်း The Business Standard က ရေးထားပါတယ်။

သူတို့တွေ အသက်ရှင်ဖို့ ဒီဘက်ခြမ်းထွက်ပြေးလာကြောင်း၊ ပြည်တွင်းမှာတော့ သူတို့တွေဟာ လယ်ယာနဲ့ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတွေ အဓိကလုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

“ရိုဟင်ဂျာ ဒုက္ခသည်စခန်းတဝိုက်မှာ စုဝေးထားတဲ့ မြန်မာနိုင်ငံသားတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ရဲတွေက လုံခြုံရေး ယူထားပေးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ခရိုင်ခွဲအုပ်ချုပ်ရေးနဲ့ BGB အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ ဥခီယာရဲစခန်းမှူး Mohammad Arif Hossain က ပြောပါတယ်။

အခုလို တရားမဝင် ထွက်ပြေးလာသူတွေနဲ့ပတ်သက်ပြီး BGB အရာရှိတစ်ယောက်က သူတို့တွေအနေနဲ့ အသေးစိတ်အချက်အလက်တွေ စုံစမ်းနေပြီး ဂဏန်းအတိအကျသိရရင် နောက်မှပြန်ပြောမယ်လို့ ဆိုပါတယ်။

မူရင်း – 65 citizens from Myanmar’s tribal communities enter Bangladesh illegally

0 Shares:
You May Also Like
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Read More

အမေရိကန်တပ်များ ဗင်နီဇွဲလားသမ္မတ ကိုဝင်ရောက်ဖမ်းဆီး

အမေရိကန်တပ်ဖွဲ့ တွေဟာ ဗင်နီဇွဲလား သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို ဖမ်းဆီးလိုက်ပြီလို့ အ​မေရိကန်သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာရေးသားအသိပေး လိုက်ပါတယ်။ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို လက်ရဖမ်းဆီးလိုက်တာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဒေသတွင်း နျူကလီးယားကင်းစင်ရေး တရုတ် လက်မှတ်ထိုးမည်ဟု မလေးရှားပြော

အရှေ့တောင်အာရှ ဒေသတွင်းမှာ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်ကို စာရွက်စာတမ်းအားလုံး အသင့်ဖြစ်တာနဲ့ တရုတ်ဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။